၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပန်းပျိုးလက်ဖောင်ဒေးရှင်း (Pann Pyoe Lett Foundation) သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ‘ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သော ကလေးသူငယ်များနှင့် မိသားစုများအပေါ် သက်ရောက်မှုများ’ ဆိုင်ရာ လေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုလေ့လာရေးစစ်တမ်းတွင် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သောအသိုက်အဝန်းများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအပေါ် ရာသီဥတုပြောင်းလဲမှုက မည်သို့သက်ရောက်နေသည်ကို အလေးပေး ဖော်ပြထားပါသည်။ ၎င်းပြင် ဒေသတွင်းကြုံတွေ့နေရသော စိန်ခေါ်မှုများကို စူးစမ်းလေ့လာထားပြီး ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်းရှိစေရန်နှင့် လူထု၏ ကြိုတင်ပြင်ဆင်မှုကဏ္ဍများ တိုးတက်ကောင်းမွန်လာစေရန်အတွက် လက်တွေ့ကျသော အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
Climate Change Impact Study _ Final.pdf